Dr.Mobile

လူကြီးမင်းတို့၏ဖုန်းများအတွက် မိုဘိုင်းဖုန်းဆိုင်ရာအချက်အလက်များသိရှိနိုင်ရန် အချိန်နှင့်တပြေးညီဆောင်ရွက်ပေးနေပါသည်။

Saturday, May 14, 2016

RAM 4GB , USB Type C နဲ့ Lens နှစ်ခုအသုံးပြုထားတဲ့ ကျောဘက်ကင်မရာတို့ပါဝင်လာတဲ့ Honor V8 စမတ်ဖုန်းထွက်ရှိ


http://images.fonearena.com/blog/wp-content/uploads/2016/04/Huawei-Honor-V81.jpg

Huawei ကတော့ ကမ္ဘာ့မိုဘိုင်းလ်ဖုန်းဈေးကွက်မှာ နောက်ထပ်နေရာရနိုင်ဖို့ စွမ်းဆောင်ရည်အမိုက်စားဖုန်းတွေ တစ်လုံးပြီး တစ်လုံးထုတ်လုပ်လျက်ရှိပါတယ်။ Leica Lens နှစ်လုံးနဲ့ စွမ်းဆောင်ရည်အမြင့်စား ကင်မရာပါဝင်လာခဲ့တဲ့ Huawei P9 ထွက်ရှိခဲ့ပြီးတဲ့နောက်မှာတော့ Huawei က သူတို့ရဲ့နောက်ထပ် Brand တစ်ခုဖြစ်တဲ့ Honor အတွက်လည်း ခြေလှမ်းသစ်တစ်ရပ်ဖြစ်စေမယ့် Honor V8 စမတ်ဖုန်းကို ထပ်မံမိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။
Honor V8 ဟာ တရားဝင်မထွက်ရှိခင်အချိန်တုန်းကတော့ ဖုန်းနဲ့ပတ်သက်တဲ့ ခန့်မှန်းကောလဟလတွေ အမြောက်အမြားထွက်ရှိခဲ့ပြီး တကယ်ထွက်ရှိလာချိန်မှာတော့ ဒီဖုန်းဟာ ခန့်မှန်းချက်တွေနဲ့ အနည်းငယ်ကွဲလွဲပြီး ထွက်ရှိလာခဲ့တာပါ။
V8 ဟာ အမြင့်ဆုံးဖြစ်တဲ့ Premium မော်ဒယ် ၊ အလယ်အလတ်ဖြစ်တဲ့ mid-tier မော်ဒယ်နဲ့ အနိမ့်ဆုံး Low-end မော်ဒယ်ဆိုပြီးတော့ မော်ဒယ်သုံးမျိုးနဲ့ ထွက်ရှိလာခဲ့ပါတယ်။ Honor V8 မှာတော့ Huawei က သူတို့ ကိုယ်တိုင်လုပ် Kirin SOC ပရော်ဆက်ဆာကို အသုံးပြုထားခဲ့ပြီး P9 က ကင်မရာလိုပဲ Lens နှစ်ခုပါဝင်လာခဲ့တာကို တွေ့ရပါတယ်။
Honor V8 မှာတော့ Finger Print Sensor အပြင် IR Sensor တို့လို ဆန်ဆာတွေ ပါဝင်လာပြီး Huawei ရဲ့ Kirin SOC  ပရော်ဆက်ဆာကြောင့် ပိုပြီး အားသွင်းနှုန်းမြန်ဆန်တဲ့ 3500 mAh ပမာဏရှိ ဘက်ထရီကို အသုံးပြုထားပါတယ်။  Sim ကတ် နှစ်ကတ်အသုံးပြုလို့ရပြီး microSD card အတွက်လည်း ထောက်ပံပေးပါတယ်။ OS ကတော့ Android Marshmallow ဗားရှင်းဖြစ်ပြီး ဖုန်းရဲ့ skin ကိုတော့ OEM ရဲ့ EMUI ကို အသုံးပြုထားတာပါ။ USB အနေနဲ့တော့ ဒေတာသယ်ပို့မှု ပိုမိုမြန်ဆန်တဲ့ နောက်ဆုံးပေါ် USB Type-C ကို တပ်ဆင်ထားပါတယ်။
မျက်နှာပြင်အကျယ်ကတော့ ၅.၇ လက်မဖြစ်ပြီး မော်ဒယ်သုံးမျိုးမှာ Display အခြေအနေကတော့ ကွဲပြားမှုတွေရှိပါတယ်။ ကင်မရာပိုင်းမှာ ကျောဘက်ကင်မရာဟာ 12-megapixel အထိရှိတဲ့ Lens နှစ်ခုကို အသုံးပြုထားပြီး ရှေ့ကင်မရာကတော့ ထောင့်ကျယ်ကျယ် ရိုက်ကူးနိုင်တဲ့ အပါချာ f/2.4 ရှိ 8MP ကင်မရာကို အသုံးပြုထားတာကြောင့် ကင်မရာပိုင်းကတော့ အတော်လေးကို ကောင်းမွန်တာကို တွေ့ရပါတယ်။
Honor V8 ရဲ့ Premium ဗားရှင်းမော်ဒယ်ဖုန်းဟာဆိုရင် RAM 4GB, ပါရင်းစွဲ သိုလှောင်နိုင်မှု 64GB နဲ့ မျက်နှာပြင်ပြသမှုမှာ QHD Display (2560×1440) ကို အသုံးပြုထားပြီး ပရော်ဆက်ဆာကတော့ 2.5 GHz Kirin 955 SOC ပရော်ဆက်ဆာပါဝင်တာကြောင့် တန်ကြေးအနေနဲ့ ဒေါ်လာ ၄၃၀ (မြန်မာငွေ ငါးသိန်း) ကျသင့်မှာပါ။
mid-tier မော်ဒယ်ဟာ RAM 4GB, ပါရင်းစွဲ သိုလှောင်နိုင်မှု 32GB နဲ့ မျက်နှာပြင်ပြသမှုမှာ FHD Display (1920×1080) ကို အသုံးပြုထားပြီး ပရော်ဆက်ဆာကတော့ 2.3 GHz Kirin 950 SoC ပရော်ဆက်ဆာအပြင် Network ထောက်ပံ့မှုပိုကောင်းတာကြောင့် တန်ကြေးအနေနဲ့ ၃၈၃ ဒေါ်လာ  (မြန်မာငွေ လေးသိန်းလေးသောင်း) ကျသင့်မှာပါ။
low-end မော်ဒယ်ကတော့ RAM 4GB, ပါရင်းစွဲ သိုလှောင်နိုင်မှု 32GB နဲ့ မျက်နှာပြင်ပြသမှုမှာ FHD Display (1920×1080) ကို အသုံးပြုထားပြီး ပရော်ဆက်ဆာကတော့ 2.3 GHz Kirin 950 SoC ပရော်ဆက်ဆာပါဝင်တာကြောင့် တန်ကြေးအနေနဲ့ ၃၅၂ ဒေါ်လာ  (မြန်မာငွေ လေးသိန်းတစ်သောင်း) ကျသင့်မှာဖြစ်ပါတယ်။

Honor V8 ဟာ နို့နစ်ရောင် ၊ Rose Gold ၊ ပလက်တီနမ်ငွေ ၊ ရေခဲငွေနဲ့ မီးခိုးရောင် စတဲ့ အရောင်ငါးမျိုးနဲ့ ရရှိနိုင်မှာဖြစ်တယ်လို့လည်း သိရပါတယ်။

                                                                 Dr.Mobile

Facebook မှာ Organic Reach တိုးတက်စေဖို့ နည်းလမ်း ငါး ခု

1

Ogilvy ရဲ့ စစ်တမ်းအရ Facebook Business Page တွေရဲ့ Organic Reach လို့ ခေါ်တဲ့ အခပေးကြော်ညာခြင်းမရှိတဲ့ ပို့စ်များရဲ့ လူမြင်မှုနှုန်း ဟာ ၂၀၁၃ ခုနှစ် အောက်တိုဘာလမှာ ၄၉ ရာခိုင်နှုန်းကနေ ယနေ့အချိန်မှာ ၆ ရာခိုင်နှုန်းအထိ ကျဆင်းနေပါတယ်။ ဒီလိုကျဆင်းလာရတဲ့ အကြောင်းအရင်းကတော့ Business Page ၁၈ သန်းကျော်ဟာ Newsfeed မှာ နေရာတစ်ခုအတွက် ပြိုင်ဆိုင်နေကြပါတယ်။ နောက်တစ်ချက်က Reach တိုးတက်ဖို့ အတွက် Facebook က သူ့ကို ငွေပေးစေချင်လို့ ဖြစ်ပါတယ်။ သင့် Business Page ရဲ့ Organic Reach ကို တိုးတက်စေမယ့် နည်းလမ်းများကို ဒီ Tutorial မှာ ဖော်ပြပေးလိုက်ပါတယ်။
သင့်ရဲ့ Organic Traffic ကို စစ်ဆေးနည်း
သင့်ရဲ့ Organic Traffic ကို စစ်ဆေးဖို့အတွက် သင့် Page ရဲ့ Facebook Insights ကို သွားပါ။ Posts Tab ကို သွားပြီး အောက်ခြေမှ See More ကို နှိပ်ပါ။ အနည်းဆုံး သုံးလအကြာလောက်က ပို့စ်များအထိ ကြည့်ရှုလေ့လာပါ။ အပေါ်ထိပ်မှ Reach Drop-Down Menu မှာ Organic/Paid ကို ရွေးချယ်ပေးထားတဲ့အတွက် ပို့စ်တစ်ခုချင်းစီရဲ့ Reach ဖြစ်တဲ့ လူဦးရေ ပမာဏကို တစ်ပေါင်းတည်း တွေ့နိုင်မှာ ဖြစ်ပါတယ်။ Mouse Cursor ကို Reach ကဏ္ဍအောက်မှ လိမ္မော်ရောင်ပေါ်တင်ကြည့်ရင်တော့ Organic နဲ့ Paid Reach ကို ခွဲခြားပြသပေးမှာ ဖြစ်ပါတယ်။ သုံးလအတွင်းမှာ Organic Reach ဟာ တစ်ဖြည်းဖြည်း ကျဆင်းလာရင်တော့ အောက်ဖော်ပြပါ နည်းလမ်းများကို အသုံးပြုနိုင်ပါတယ်။
1
၁။ အမြဲတမ်း လတ်ဆတ်နေမယ့် Content များကို တင်ပါ။

Facebook Post တစ်ခုရဲ့ သက်တမ်းဟာ အကြောင်းအရာများစွာ အပေါ် မူတည်ပါတယ်။ တစ်ခုက သူ့ရဲ့ အသုံးဝင်မှုပါ။ သင့် သူငယ်ချင်းများက Like, Comment , Share ပြုလုပ်ရင် ပို့စ်အဟောင်းတစ်ခုတောင် သင့်ရဲ့ News Feed မှာ ပေါ်လာနိုင်ပါတယ်။
ဥပမာအားဖြင့် အောက်ပါပုံမှ ပို့စ်ဟာ ၁၈ နာရီကြာမြင့်ပြီ ဖြစ်ပေမယ့် သင့်ရဲ့ သူငယ်ချင်းတစ်ယောက်က Like ပြုလုပ်လိုက်ရင် သင့်ရဲ့ News Feed မှာ ပြသပေးမှာ ဖြစ်ပါတယ်။
အဲဒီအတွက် Facebook မှာ ပို့စ်တစ်ခုတင်ရင် ကာလရှည်ကြာ လတ်ဆတ်ပြီး အသုံးဝင်မယ့် ပို့စ်မျိုးကို တင်ဖို့ အရေးကြီးပါတယ်။ သင့်ရဲ့ ပို့စ်ကို Engage ပြုလုပ်မှုများလေလေ အဲဒီပို့စ်ရဲ့ သက်တမ်းဟာ ရှည်ကြာလေလေဖြစ်ပါတယ်။
2
၂။ အရည်အသွေးမြင့်တဲ့ ပို့စ်များကို အကြိမ်ရေ နည်းနည်း တင်ပါ။ 
Facebook မှာ ကမ္ဘာတစ်ဝန်းမှ ကုမ္ပဏီများက အပြိုင်အဆိုင် နေရာလုနေကြပါတယ်။ Facebook ရဲ့ အဆိုအရ လူတစ်ယောက် Facebook ကို Log In ၀င်ရင် ပြသစရာ ပို့စ်ပေါင်း ၁၅၀၀ ကျော်ရှိပေမယ့် ၃၀၀ လောက်ကိုသာ ပြသပေးနိုင်ပါတယ်။ Facebook Marketer တစ်ယောက်အနေနဲ့ အဲဒီတန်ဖိုးရှိတဲ့ နေရာများထဲမှ တစ်နေရာကို အပြိုင်အဆိုင် ရယူရမှာပါ။
သင့်ရဲ့ Page ကို အာရုံစိုက်မှုရရှိဖို့အတွက် တစ်နေ့တည်းမှာ ပို့စ်များစွာ တင်စရာမလိုပါဘူး။ အဲဒီအစား အရည်အသွေးမြင့်တဲ့ ပို့စ်တွေကို ဖန်တီးပါ။
Fanpage Karma မှ Coca-Cola India နဲ့ Pepsi India တို့ရဲ့ Facebook Pages များကို ခွဲခြမ်းစိတ်ဖြာထားတဲ့ ရုပ်ပုံကားချပ်ကို အောက်မှာ ပြသပေးထားပါတယ်။ Coca-Cola ဟာ Pepsi ထက် အကြိမ်အရေအတွက် အနည်းငယ်သာ ပို့စ်တင်ထားပေမယ့် Engagement အပိုင်းမှာတော့ Coca-Cola ဟာ အနိုင်ရနေတာကို ထင်ရှားစွာ တွေ့ရပါတယ်။
3
တစ်နေ့မှာ ပို့စ်ဘယ်နှစ်ခု တင်ရမလဲဆိုတာနဲ့ ပတ်သက်ပြီး စည်းမျဉ်းတွေ မရှိပါဘူး။ Buffer Blog က စီးပွားရေးလုပ်ငန်းတွေအတွက် Facebook မှာ တစ်နေ့ ပို့စ်နှစ်ခုတင်ဖို့ အကြံပေးထားပါတယ်။ Post Planner Blog က တစ်နေ့မှာ မတူညီတဲ့ ပို့စ်အမျိုးအစားသုံးခု တင်ဖို့ အကြံပေးထားပါတယ်။ သင့်ရဲ့ စီးပွားရေး လုပ်ငန်းအတွက် တစ်နေ့မှာ တင်သင့်တဲ့ ပို့စ်အရေအတွက်ကို သင်ကိုယ်တိုင် တွက်ချက်ဖို့ လိုသလို ပို့စ်မှာ Links, Images, Videos, Text စတာတွေကို ပေါင်းစည်းပြီး ရောစပ်ဖို့ လိုပါတယ်။
၃။ Content များကို သင့်တော်တဲ့ လူဆီရောက်ဖို့ Organic Post Targeting ကို အသုံးပြုပါ။ 
Facebook က Content များကို သင့်တော်တဲ့ လူတွေဆီ ရောက်ရှိဖို့အတွက် Organic Post Targeting ကို ပြုလုပ်ပေးထားပါတယ်။ Page ရဲ့ Status Update Box အောက်ခြေမှာ ပစ်မှတ် အိုင်ကွန်ကို နှိပ်ပြီး Fans များထဲမှ Target ထားမယ့် လူများကို ရွေးချယ်ရမှာပါ။ Target များကို Gender, Relationship Status, Education Level, Age, Location, Language, Interests, Post End Date ဆိုပြီး အုပ်စု ၈ ခု ခွဲခြားပေးထားပါတယ်။ သင့်ရဲ့ ပို့စ်နဲ့ သင့်တော်မယ့် Target များကို ရွေးချယ် သတ်မှတ်နိုင်ပါတယ်။
သင့်ရဲ့ Fans များထဲမှ ပို့စ်ကို ကြိုက်နှစ်သက်နိုင်တဲ့ လူများကို ပစ်မှတ်ထားခြင်းဖြင့် Engagement တက်လာစေမှာ ဖြစ်ပါတယ်။ သင့် Page ရဲ့ Fans အရေအတွက်ဟာ ၁၂ ၀၀၀ ရှိတယ်ဆိုရင် ပစ်မှတ်ကို ၁၂ ၀၀၀ အတွက် ရည်ရွယ်ရင် အဲဒီပို့စ်ကို မနှစ်သက်သူများထံသို့ ရောက်သွားနိုင်တဲ့အတွက် Engagement ကျဆင်းသွားတာ ဖြစ်ပါတယ်။
4
၎။ သင့်ရဲ့ Fans များ အွန်လိုင်းပေါ်မှာ ရှိတဲ့ အချိန်ကို ရွေးချယ်ပါ။ 
သင့်ရဲ့ Fans များ အွန်လိုင်းပေါ်မှာ ရှိတဲ့ အချိန်ကို ရွေးချယ်ပြီး ပို့စ်တင်ခြင်းဟာ Organic Reach ကို တိုးတက်စေမှာ ဖြစ်ပါတယ်။ ဒီလို Fans များ အွန်လိုင်းပေါ်မှာ ရှိတဲ့ အချိန်ကို သိနိုင်ဖို့ Facebook က ပံ့ပိုးပေးထားပါတယ်။ Facebook Insights > Posts ကို သွားရင် Default အားဖြင့် When Your Fans Are Online ဆိုတာကို ရွေးချယ်ပေးထားပါတယ်။ အဲဒီအောက်မှာ တစ်ပတ်အတွင်း အွန်လိုင်းပေါ်တက်တဲ့ သင့်ရဲ့ Fans လူဦးရေ ပမာဏကို နေ့ရက်များနဲ့ ခွဲခြားပြသပေးထားပါတယ်။
သူရဲ့အောက်မှာတော့ အချိန်နာရီအလိုက် အွန်လိုင်းပေါ် ရောက်ရှိနေတဲ့ ပရိသတ် ပမာဏကို ပြသပေးထားပါတယ်။ ပရိသတ်အများဆုံး အွန်လိုင်းပေါ် ရောက်ရှိတဲ့ နေ့ရက်နဲ့ အချိန်တွေကို ရွေးချယ်ပြီး ပို့စ်တင်ရင် Organic Reach ကို တိုးတက်စေမှာ ဖြစ်ပါတယ်။
5
၅။ ပရိသတ် နှစ်သက်မယ့် ပို့စ်အမျိုးအစားများကို တင်ပါ။ 
Socialbakers ရဲ့ ယခုနှစ် ဖေဖော်ဝါရီလ စစ်တမ်းအရ Facebook ပရိသတ်တွေဟာ ဓါတ်ပုံတွေထက် လင့်တွေ၊ ဗီဒီယိုတွေကို ပိုမိုနှစ်သက်ကြပါတယ်။ စစ်တမ်းကို သေချာလေ့လာကြည့်မယ်ဆိုရင် ဓါတ်ပုံတွေဟာ Organic Reach အနည်းဆုံး ဖြစ်ပြီး လင့်နဲ့ စာသားတွေက ပိုမို ကောင်းမွန်ပါတယ်။ ဗီဒီယိုပို့စ်တွေကတော့ Organic Reach အမြင့်ဆုံး ဖြစ်ပါတယ်။
ဒါပေမယ့် ဒီလို တစ်ထစ်ချယူဆလို့ မရသေးပါဘူး။ Facebook Insights ကို အသုံးပြုပြီး သင့်ရဲ့ ပရိသတ်တွေဟာ ဘယ်လို ပို့စ်အမျိုးအစားကို နှစ်သက်လဲဆိုတာ လေ့လာပါ။ သင့်ရဲ့ ပရိသတ်တွေဟာ ဓါတ်ပုံတွေကို ပိုမိုနှစ်သက်ရင် သင့်ရဲ့ နည်းဗျူဟာကို မပြောင်းလဲသင့်ပါဘူး။ အခြား ပို့စ်အမျိုးအစားများကို အနည်းငယ်စီ မိတ်ဆက်ပြီး ပြန်လည် ခွဲခြမ်းစိတ်ဖြာပါ။

creadit : Myanmar Digital Life Journal

Dr.Mobile

Lenovo က မေ ၁၀ တွင် Z1 စမတ်ဖုန်းကိုရောင်းချမည်

Lenovo က ZUK Z1 ကိုအိန္ဒိယမှာ Z1 အမည်ဖြင့် ရောင်းချပေးတော့မှာ ဖြစ်ပါတယ်။ ။ ဒီသတင်းကို Lenovo က Facebook ကနေကြေညာလိုက်တာ ဖြစ်ပါတယ်။ အိန္ဒိယမှာမေလ ၁၀ ရက်နေ့မှာစတင် ရောင်းချပေးမှာ ဖြစ်ပါ တယ်။

 Lenovo Z1 မှာ ၅.၅ လက်မ Full HD Display တပ်ဆင်ထားပါတယ်။ Qualcomm Quad-Core 2.5GHz Snapdragon 801 Chipset မောင်းနှင် မှာ ဖြစ်ပါတယ်။ 64GB Internal Storage, 3GB RAM ထည့်သွင်းထားပါ တယ်။ အနောက်ဘက်မှာ 13 Megapixel Camera တပ်ဆင်ထားပြီး Optical Image Stabilization နည်းပညာပါရှိပါတယ်။ ကင်မရာက Full HD Video များကိုရိုက်ကူးပေးနိုင်ပါတယ်။

အရှေ့ဘက်မှာ 8 Megapixel Camera တပ်ဆင်ထားပါတယ်။ လက်ဗွေရာစစ်ဆေးတဲ့ ကိရိယာကိုလည်းတပ်ဆင် ပေးထားပါတယ်။ 4100mAh Battery ထည့်သွင်းပေးထားပါတယ်။

Wednesday, February 11, 2015

မြန်မာနိုင်ငံက Operator တွေ SIM Card တွေမျိုးစုံအတွက် APN Settings တွေကိုစုစည်းပေးထားပါ။ MPT GSM, MPT WCDMA, MPT CDMA, MEC, Ooredoo, Telenor အကုန်ပါဝင်ပါတယ်။ အောက်က link မှာရယူနိုင်ပါတယ်။





မြန်မာနိုင်ငံမှာ ဆက်သွယ်ရေး အော်ပေ၇တာတွေပေါလာသလို
သက်ဆိုင်ရာ App များလည်း ထွက်ပေါ်လာပါတယ်
အခု ပေးမယ့် App လေးကတော့ ဆက်သွယ်ရေး အော်ပေ၇တာ အားလုံးအတွက်
အစုံလင်ဆုံး App လေးဖြစ်ပါတယ်
Easy Top Up v 1.0 ကို Smart zawgyi font ကိုရေးသားတဲ့
ကိုကျော်စွာသွင် က ထုတ်လုပ်ပေးထားပါတယ်


Lollipop Zawgyi Installer (5.0.x)

Lollipop Zawgyi Inataller (5.0 ~ 5.0.x)

 

Lollipop တွေပေါ်လာပြီဆိုတော့ သူအတွက်မြန်မာဖောင့်အဆင်ပြေဖို့လိုလာပါတယ်.Lollipop တွေမှာ Unicode Font တွေပါလာပါတယ်.
Android version 5.0 နဲ့ အထက် တွေမှာ ပါဝင်တဲ့ Unicode Font တွေကို
ဇော်ဂျီအဖြစ်ပြောင်းလဲနိုင်မယ့် One Click Tool လေးပါ
ဒီ Tool ကိုတော့ ကိုစိုင်းခိုင်တင့်(Mobile Doctor) မှ ရေးသားထားတာဖြစ်ပြီး
Lollipop တွေအတွက် ဇော်ဂျီဖာင့်ကို အဆင်ပြေစေမယ့်
Tool တစ်ခုဖြစ်တာကြောင့် ဆောင်ထားသင့်ပါတယ်


Password - drmobile